Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

Mediafire မှ files ဖိုင်များကိုရှာနည်း

Mediafire မှ files ဖိုင်များကိုရှာနည်း


Mediafire ဆိုတာကတော့ files တွေ upload /download လုပ်နိုင်တဲ့ အရေးပါတဲ့ site ဖြစ်ပါတယ်။
ကိုယ်လိုချင်တဲ့ file တော်တော်များများကို လည်းရှာနိုင်ပါတယ်။ ဒါပေမယ့် အားနည်းချက်တစ်ခုက Mediafire ကိုယ်တိုင် က သူ့page ထဲမှာ search ဆိုတဲ့ function မပါ ပါဘူး။ အဲဒါကြောင့် သူငယ်ချင်းများကို "Mediafire မှ files ဖိုင်များကိုရှာနည်း" ဗဟုသုတကို ကျွန်တော်သိသလောက် ဝေမျှပေးလိုက်ပါတယ်။  

နည်းနှစ်မျိုးရှိတယ်

ပထမနည်း
http://www.uvrx.com/mediafire.html ဆိုတဲ့ page ကနေ ကိုယ်လိုချင်တဲ့ keyword ကိုရိုက်ပြီးရှာနိုင်ပါတယ်။
အပေါ်က Site က Access Denied ဖြစ်သွားလို့ အသစ်ရှာပြီးတင်ပေးလိုက်ပါတယ်။
http://mediafiresearch.ucoz.com/

ဒုတိယနည်း
Google ကနေရှာတဲ့နည်းဖြစ်ပါတယ်။ ပထမဦးဆုံး http://www.google.com/ ၀င် ၊ search box ထဲမှာ site:mediafire.com သူနောက်မှာ space လေးခြားပြီး ၊ကိုယ်ရှာချင်တဲ့ format/file extension  ကိုရိုက်ထည့်ရပါတယ်။
ဥပမာ mp3 ရှာချင်ရင် site:mediafire.com mp3
        pdf ရှာချင်ရင် site:mediafire.com pdf
        site:mediafire.com zip
        site:mediafire.com avi

file name အတိအကျ သိရင် result ပိုကောင်းပါတယ် ။ ဥပမာ Bruno Mars ရဲ့ "just the way you are" mp3 ကိုလိုချင်ရင် site:mediafire.com just the way you are mp3

(ကျွန်တော်အတတ်နိုင်ဆုံး ရေးထားပါတယ်၊ အမှားပါရင် ခွင့်လွှတ်ပေးပါ၊ Hope you like it , By Nk fa)