Myanmar Mobile Users' Club ရဲ့ Documents တွေကို ယာယီ စုစည်းထားတဲ့ နေရာလေး တစ်ခုပါ။

Tuesday, July 10, 2012

How to: Crack IPA (iPhone Application)

iOS အတွက် Crack Apps တွေ. Games တွေ.. ဒေါင်းလို့ ဆော့လို့ကောင်းကြမယ် ထင်တယ်။
ဒီနေ့တော့ အဲ့ဒီ Crack လုပ်တဲ့ အကြောင်းကိုပြောမယ်ဗျာ။
ပထမဆုံး သိရမယ့်တစ်ချက်က Crack လုပ်ထားတဲ့ ipa ကို Jailbroken device ထဲမှာပဲ ဆော့လို့ရပါမယ်။
ဒုတိယအနေနဲ့ Crack ဘာလို့လုပ်ရတယ်ဆိုတဲ့ အကြောင်းအရင်းတွေကို သိရပါမယ်။
*Apple's App Store ကနေ တရားဝင် အခပေးပြီး ဒေါင်းလိုက်တဲ့ App နဲ့ Game တွေကို တပါးသူ (Jailbroken) Device မှာ အခမဲ့ဆော့လို့ရအောင် crack ရပါတယ်။
*အခပေးဖြစ်ဖြစ်.. အခမဲ့ဖြစ်ဖြစ်.. App Store အကောင့်တစ်ခုနဲ့ ဒေါင်းထားတဲ့ App နဲ့ Game တွေကို တပါးသူ (Jailbroken) Device ထဲ ထည့်တော့မယ် ဆိုပါစို့၊ အဲ့ဒီ apps တွေ ဒေါင်းထားသူရဲ့ အကောင့်နာမည်နဲ့ စကားဝှက်မသိပဲ iTunes နဲ့ သွင်းလို့မရနိုင်ပါဘူး၊ iTools, iFun-Box စတဲ့ 3rd party software တွေနဲ့ သွင်းလိုက်လို့ စက်ထဲကို ဝင်သွားတယ်ပဲ ထားဦး၊ apps က ဖွင့်မရပဲ crash ဖြစ်နေတတ်ပါတယ်၊ အဲ့လို အခြေအနေတွေ မဖြစ်အောင် crack ရပါတယ်။

Crack လုပ်ဖို့ နည်းလမ်း (၂) ခုရှိပါတယ်။
  1. Crackulous ကဲ့သို့သော Cydia tool အသုံးပြုပြီး ဖုန်းထဲမှာ crack တဲ့နည်း
  2. Computer မှာပဲ.. manual crack တဲ့နည်း

အသေးစိတ်ရှင်းပါမယ်။
စမ်းသပ်ရအောင်.. AppStore ကနေ အခမဲ့ (သို့) အခပေး apps တစ်ခုခုရှာပြီးဒေါင်းထားလိုက်ပါ။ (PC က ဒေါင်းတာဆိုရင်လဲ iTunes နဲ့ သွင်းလိုက်ပါ)

>>> ပထမနည်း အတွက်..
  • Wifi နဲ့ အင်တာနက်ချိတ်ဆက်ပြီး Cydia ထဲကိုဝင်ပါ။
  • Manage -> Source -> Edit -> Add -> http://repo.biteyourapple.net ရိုက်ပြီး Add Source ကို နှိပ်ပါ။ ပြီးရင် source သွင်းတာကို ခဏစောင့်လိုက်ပါ။
  • (BiteYourApple source ထဲ ဝင်ပြီး) Crackulous ကို ရှာဒေါင်းလိုက်ပါ။
  • Crackulous ထဲဝင်ပါ။ လာလာချင်းတွေ့ရမှာက.. AppStore ကနေ တရားဝင် သွင်းထား.. ဒေါင်းထားတဲ့ apps တွေကိုပါ။ အဲ့ဒီမှာ စောနက စမ်းသပ်ဖို့အတွက် ဒေါင်းထားတဲ့ ipa ကို တစ်ချက်နှိပ်ကြည့်လိုက်ပါ။ Cracking ထဲ ဝင်သွားပြီး.. ခဏမှာတော့ လည်နေတာပြီးသွားပါလိမ့်မယ်။ ဒါဆိုရင် crack လုပ်လို့ပြီးပါပြီ။
  • Crack လုပ်ပြီးတဲ့ ipa ကို file sharing ဆိုက် တစ်ခုခုမှာ upload လုပ်ဖို့ပဲ ပါပါတယ်။ ဒါပေမယ့် ကျတော်တို့အတွက် အဲ့လောက်ကောင်းတဲ့ ကော်နက်ရှင် မရှိတဲ့အတွက် ကွန်ပျူတာနဲ့ချိတ်ပြီးတော့ပဲ ယူပါမယ်။
  • iTools (https://sites.google.com/site/sainyiphyo/documents/iTools1119E.zip) နဲ့ချိတ်ပြီး FileSystem ထဲဝင်ပါ။ FileSystem (Jailbreaked) ကို ထပ်နှိပ်ပါ။ /var/root/Documents/Cracked ထဲ အဆင့်ဆင့်ဝင်ကြည့်လိုက်ရင် စောနက Crackulous နဲ့ Crack ထားတဲ့ ipa လေးကိုတွေ့ရပါလိမ့်မယ်။ အဲ့ဒီကောင်ကို Right Click ခေါက်.. Copy to Local ဆိုပြီး ကိုယ်သိမ်းချင်တဲ့ နေရာလေးတခု မှာ သိမ်းလိုက်ပါ။ (ကောင်းတာကတော့ Desktop ပေါ့)
  • ကဲ.. ဒါဆိုရင် Crack လုပ်ထားတဲ့ IPA ကို ကြိုက်သလို share လို့ရပီပေါ့ဗျာ ။ 
  • ပထမနည်း.. Done!

>>> ဒုတိယနည်း အတွက်
  • WinRAR (သို့) 7-Zip လိုပါတယ်။ ( ဖြစ်နိုင်ရင်တော့ 7-Zip သုံးပါ.. http://downloads.sourceforge.net/sevenzip/7z920.exe)
  • ပြီးရင် iTunes ကနေ စမ်းသပ်ဖို့ ဒေါင်းထားတဲ့ apps ကို သွားရှာပါမယ်။
  • C:\Users\-your user name-\Music\iTunes\iTunes Media\Mobile Applications ထဲမှာ ရှိပါလိမ့်မယ်။ အဲ့ဒီကောင်လေးကို (Ctrl နှိပ်ထားပြီး mouse နဲ့ ဆွဲကာ) copy ကူးလိုက်ပါ။
  • အဲ့ဒီ copy လုပ်ထားတဲ့ကောင်ကို Right Click ခေါက် -> 7-Zip -> Open archive ဆိုပြီး ဖွင့်လိုက်ပါ။
  • အထဲမှာပါတဲ့ iTunesMetadata.plist ကိုဖျက်ပါ။ Payload -> YourAppsName.app ထဲ ဝင်ပြီး _CodeSignature ဆိုတဲ့ ဖိုဒါကို ဖျက်ပါ။ ပြီးရင် CodeResources နဲ့ ResourceRules.plist စတဲ့ ဖိုင်တွေကို ဖျက်ပါ။(အထက်မှာ ပြောတဲ့ဖျက်စရာတွေထဲက တခုခု မရှိဘူးဆိုရင် လျစ်လျူရှုပါ)
  • ကဲ.. Crack လို့တော့ပြီးပြီ.. ဖုန်းထဲမှာရှိတဲ့ကောင်ကို ဖျက်ပြီး ဒါလေး သွင်းကြည့်ပေါ့.. 
  • ဒုတိယနည်း.. Done!

ပြောစရာကျန်တာကတော့..
ဒုတိယနည်းက 100% အောင်မြင်မယ်လို့တော့ အာမ,မခံဘူး။ ဒါပေမယ့် ကျတော် စမ်းကြည့်တာတော့ အကုန်လုံး(နီးပါး) ရတယ်။ WinRAR နဲ့လုပ်ရင်တော့ တချို့ဆို မရတတ်ဘူး။ Crack လုပ်နည်းမအောင်မြင်ရင် ဘာဖြစ်တတ်လဲဆိုတော့. apps ကို ဖွင့်လိုက်တာနဲ့ crash ဖြစ်တတ်ပါတယ်။

ကဲ. ဒီမျှနဲ့ ကျေနပ်ကြဦးစို့..
Original posted link: http://www.facebook.com/groups/MyanmarMobileUsers/doc/308446685846372/

By Sai Nyi Phyo